ချစ်ခြင်း၏ အနုပညာ
June 18th, 2009Gmail နဲ့ပတ်သက်လို့သိသင့်တာတွေ (အပိုင်း-၁)
June 18th, 2009Gmail သုံးစွဲနေကြတဲ့ လူတိုင်းအတွက် ရည်ရွယ်ပြီး ကိုယ့်ရဲ့ Gmail ကို ပိုမို အစွမ်းထက်စေဖို့နည်းလမ်းတွေ ရေးခဲ့ ဘူးပါတယ်။ အခုတစ်ခေါက်မှာတော့ အရင်နည်းလမ်းအဟောင်းတွေထဲက အကောင်းဆုံး လျှို့ဝှက်ချက်တွေကိုရော၊ အသစ်ထက်မံထွက်ပေါ်လာနေတဲ့ လျှို့ဝှက်ချက်လမ်းညွှန်မှုတွေကိုရော၊ စွမ်းရည်အပြည့်စုံဆုံးနဲ့ user ကိုစိတ်ကြိုက်ဖြစ်အောင် အကုညီနိုင်ဆုံး အကြံပြုချက်တွေကိုပါ ပေါင်းစုံပြီး tips,tricks extensions, desktop program တွေနဲ့ Mac user တွေအတွက်ပါ သုံးနိုင်တဲ့နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။
Gmail ကိုသုံးစွဲတဲ့နေရာမှာ အကောင်းဆုံးကတော့ Firefox browser ပဲဖြစ်ပါတယ်။ ‘opera’ ဟာ Gmail ကိုမြန်မြန်ဆန်ဆန် ဖွင့်လှစ်ပေးနိုင်ပေမယ့် ပိုမိုထူးကဲတဲ့ ထပ်ဆောင်း အရည်အချင်းလေးတွေဖြစ်တဲ့ (add-on) တွေကိုတော့ ပေါင်းထဲ့ သုံးစွဲလို့မရပါဘူး။ အဲဒီ အတူ IE 6.0 IE 7.0 ဟာလည်း Gmail ကို standard view ဖွင့်ပေးနိုင်တယ် ဆိုပင်မဲ့ လိုအပ်ချက်တွေအများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Gmail ကိုသုံးစွဲမယ်၊ email ပို့မယ်၊ chat ပြောမယ် ဆိုတဲ့ user တွေဟာ Gmail နဲ့ပက်သက်တဲ့ တခြား program လေးတွေကို အထိုက်အလျှောက်သိနေသင့်ပါတယ်။ Gmail ကို ပိုမို တင့်တယ်ပြီး လွယ်ကူချောမွေ့စေအောင် ဆက်သွယ်ပေးနေတဲ့ လိုက်ဖက်ညီအတွဲ ပရိုဂရမ်တွေ တခ်ျို့တလေရှိနေပါတယ်။ Fire-fox browser ကတော့သိပြီး ဖြစ်ကြပါလိမ့်မယ် ။ Grease Monkey (Script Manager) ဟာ add-ons တွေကို လက်ခံနိုင် ၊ ဖြုတ်ပစ်နိုင်တဲ့ ၊ add-oncontrol panel လေးတစ်ခုဖြစ်ပါတယ်။ Scripts တွေကို သူ့ရဲ့ ကိုယ်ပိုင် inbox ကလေး တစ်ခုထဲမှာသိမ်းဆည်းပေးထားပြီး မလိုချင်ရင်အလွယ်တကူ ဖြုတ်ပစ်နိုင်အောင် ဖန်တီးပေးထားတဲ့ ‘option’ tool တစ်ခုပါဝင်ပါတယ်။ Userscript (java script search engine) ကတော့ online ပေါ်မှာရှိနေတဲ့ Gmail,hotmail, browser စတဲ့ ပရိုဂရမ်မျိုးစုံအတွက် စုဆောင်းပေးထားတဲ့ scripting search engine တစ်ခုလို့ဆိုနိုင်ပါတယ်။ Userscript ဟာ sign-up လုပ်ပြီး account ရရှိပြီဆိုမှ သူ့ရဲ့ web site မှာရှိရှိသမျှ scripts လေးတွေကို install လုပ်နိုင်မှာပါ။ အဲဒီလို register လုပ်တဲ့အခါမှာ အလွန်လွယ်ကူပြီး၊ ယုံကြည်စိတ်ချရပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းလည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Gmail account ကို သုံးစွဲနိုင်ပါတယ်။ ကိုယ်ကိုတိုင်လဲ ကိုယ်ဖန်တီးထားတဲ့ script လေးတွေကို အများပြည်သူကို share လုပ်ပေးနိုင်ပါတယ်။ တစ်ခုတော့သတိထားရဖို့ရှိတာက userscript မှာ share ပေးထားတဲ့ script လေးတွေဟာ programmer ငယ်လေးတွေကစလို့ဝ်ရငိ့ programmer ကြီးတွေရဲ့ လက်ရာတွေအထိ ပါဝင်နေတက်ပါတယ်။ ဒါကြောင့် တချို့ script တွေဟာ အမှားအယွင်းတွေရှိနိုင်ပြီး ယုံကြည်စိတ်ချရမှု ရှိချင်မှရှိပါလိမ့်မယ်။ Script တိုင်းမှာတွေ့ရတက်တဲ့ ‘comments’ တွေကို အရင်ဆုံးဖတ် ရှုရပါမယ်။ stylelish (add.on open source) ကတော့ လူငယ် ကွန်ပျူတာပရိုဂရမ်မာတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ သူလည်း extension manager တစ်ခုဖြစ်တဲ့အပြင် ပိုပြီး ထူးခြားတာက ပရိုဂရမ်မင်း အကြောင်း နကန်းတစ်လုံးတောင် နားမလည်တဲ့ လူတွေကိုယ်တိုင် Add on အသေးစားလေးတွေ ရေးသားနိုင်အောင် ဖန်တီးပေးထားပါတယ်။
အဲဒီ အဓိကဇာတ်ကောင်လေးမျိုးကို အရင် ရယူထားရပါလိမ့်မယ်။ home user သမားတွေအတွက်ပဲဖြစ်စေ ၊ cybercafe user တွေအတွက်ပဲဖြစ်စေ အဲဒီ လေးမျိုးစလုံးဟာ အလွယ်တကူ install လုပ်နိုင်ပါတယ်။
1. Firefox (http://www.mozilla.org/)
2. Greasemonkey (http://www.greasespot.net)
3. Userscript (http://www.user-script.org)
4. Stylelish (http://www.userstyle.org/stylish)
Firefox ကတော့ ကွန်ပျူတာတိုင်းလိုလိုမှာ ရှိပြီးဖြစ်မှာပါ။ userscript ကလည်း Email account တစ်ခု လုပ်သလိုမျိုး register လုပ်ရတာမျိုး ဖြစ်တဲ့အတွက် မခက်ခဲလှပါဘူး ။ Grease Monkey နဲ့ stylelish ကတော့ တည်ဆောက်ပုံ အတူတူဖြစ်ပြီး install လုပ်ပုံချင်းကလည်း ခပ်ဆင်ဆင်တူပြီး လွယ်ကူပါတယ်။
Grease Monkey
၁။ browers bar ‘http://www.grease-monkey.net’ လို့ရိုက်ပါ။
၂။ grease monkey ရဲ့ မိခင် home page ကျလာပါလိမ့်မယ်။ ညာဘက်အလယ်ထောင့်မှာ download greast monkey’ ကို click နှိပ်ပါ။
၃။ firefox ရဲ့ add-ons page အတွင်းကို ပြန်ရောက်သွားပြီး page တစ်ခုပေါ်လာပါလိမ့်မယ်။ Install လုပ်မလားလို့လည်းမေးပါလိမ့်မယ်။
၎။ ‘install’ button လေးကို click နှိပ်ပါ။
၅။ Install လုပ်ချိန် တစ်မိနစ်သာ ကြာမြင့်ပါလိမ့်မယ်။
၆။ ပြီးရင် browers ကို restart ပြန်လုပ်ဖို့ command ပေးပါလိမ့်မယ်။ (ဒါမှမဟုတ်ရင်လည်း close button နဲ့ browser ကို ခဏ ပိတ်လိုက်ပါ။)
၇။ ခဏပိတ်လိုက်ပြီးတာနဲ့ browser ကိုပြန်ဖွင့်ပါ။ ’statusbar’ ရဲ့ ညာဘက်ထောင့်မှာ ‘grease monkey’ icon သေးသေး ကလေး တွေ့ရပါလိမ့်မယ်။ အဲဒီ မျောက်ကလေးပြုံးနေတဲ့အချိန်ဟာ ‘add -ons’ တွေအသက်ဝင်နေပြီး (enabled) ၊ မျောက်ကလေးမဲ့ နေခဲ့ရင်တော့မတော်တစ ခလုပ်မှားနှိပ်မိလို့ (disabled) အသက်မဲ့နေတာပါ။ အဲဒီလို enabled / disabled လုပ်ဖို့ဟာ သိပ်လွယ် ပါ တယ်။ မျောက်ငယ်လေး icon ပေါ်ကို click နှိပ်လိုပ်ရုံနဲ့ကိုရပါမယ်။
၈။ Grease Monkey ရဲ့ Manager control ကို menu bar မှာသွားကြည့်နိုင်ပါတယ်။ ‘option menu’ ကို click နှိပ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ box ထဲကနေ Add-ons ကိုရွေးပါ။ ပြီးတော့ ‘Manage scripts’ ကို Click နှိပ်ပါ။
၉။ Grease Monkey ရဲ့’ Mabnager’ box ကိုရောက်ရှိပါပြီ။
A. ဘယ်ဘက် panel မှာတော့ add -ons တွေရဲ့ ခေါင်းစဉ်၊ အမည်တွေရှိပါတယ်။
B. ‘Edit’ ကို Click နှိပ်ရင်း system ထဲမှာရှိတဲ့ ‘*.js’ file တွေရှာဖွေပေးမယ့် explore box ကျလာပါမယ်။
C. included pages ဆိုတာဟာ တကယ်လို့ ကိုယ် install လုပ်လိုက်တဲ့ add-ons အတွက်လုပ်ဆောင်ပေးမယ့်လိပ်စာကို ပြထား တာ ပါ။
D. unistall ကတော့ မလိုတာတွေကို select ပေးပြီး အလွယ်တကူဖျက်ထုတ်နိုင်ပါတယ်။
၁၀။ နောက်တစ်ခါတွေမှာ ‘userscripts’ ကနေဖြစ်စေ၊ တခြားနေရာတွေကဖြစ်စေ၊ script တစ်ခုကို install လုပ်လိုက်တဲ့အခါမှာ (အဲဒီ script တွေဟာ (.js) extentions တွေနဲ့ဆု့းပါလိမ့်မယ်။) ဒီ ‘Manage control’ ထဲကိုရောက်ရှိပါလိမ့်မယ်။
Stylelish
Stylelish ဟာ ‘add-ons’ တွေနဲ့ ‘extensions’ တွေကို manager သဘောမျိုးလက်ခံပေးနိုင်တဲ့အပြင် ကိုယ်ကိုတိုင် extension အသေးစားလေးတွေ တည်ဆောက်ဖန်တီးနိုင်ပါတယ်။
၁။ address bar မှာ http://userstyles.org/stylish လို့ရိုက်ပါ။
၂။ Grease monkey လိုမျိုးပါပဲ။ Stylish ရဲ့ home- page ပေါ်လာပါလိမ့်မယ်။
၃။ ထိပ်ဆုံးစာကြောင်းမှာရှိနေတဲ့ ’stylish 0.5.2 is abailable for download at addons mozilla.org’ ကိုဆိုတဲ့စာကြောင်းကို cilck နှိပ်ပါ။ Firefox add- ons box ထဲကိုရောက်သွားပါမယ်။ ပြီးရင် install လုပ်လိုက်ပါ။ browser restart ပြန်လုပ်ပါ။
၎။ status bar ရဲ့ အောက်ခြေစာရွက်ဖြူပေါ်မှာ ကလောင်တံလေးနဲ့ icon လေး တွေ့ရပါလိမ့်မယ်။
၅။ install လုပ်ပြီးရင် အဲဒီ add-ons စာမျက်နှာကို မပိတ်ဘဲဆက်ကြည့်မယ်ဆိုရင် ‘install now’ button ရဲ့ အောက်ခြေ development comment ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒီမှာရှိတဲ့ code ဟာ ဒီလိုဖြစ်ပါလိမ့်မယ်။
*{
color: blue important;
}
၆။ status bar မှာရှိတဲ့ stylish icon ကို click နှိပ်ရင် manage styles ပေါ်လာပါမယ်။ write ကို click နှိပ်ပါ။ stylish ရဲ့ control ထဲရောက်ပါမယ်။ အခုန coad ကို click လုပ်ပါ။ add style ထဲမှာ color နေရာမှာ’black’ လို့အစားထိုးပြီး save လုပ်ပါ။ descriptions ဆိုတဲ့နေရာမှာ page ရဲ့web address ကိုရိုက်ပါ ။’www.google.com’ ပြီးရင်ကိုယ်ပိုင် add-ons တစ်ခု ရရှိပါပြီ။ အခုအခ်ျိန်မှာစမ်းသပ်ကြည့်မယ်ဆိုရင် google ရဲ့ home page မှာ ရှိသမျှ အပြာရောင်တွေဟာ အနက်ရောင်ပြောင်းနေပါလိမ့်မယ်။ ဒါဟာအလွယ်ကူဆုံးနမူနာတစ်ခုမျှသာ ဖြစ်ပါတယ်။
add -ons တွေကို browser မှာနောက်တစ်မျိုး ကြည့်လို့ရတဲ့နေရာတစ်ခုက options > add- ons ကနေ ကိုယ် install လုပ်ထား ခဲ့သမျှ add-ons တွေကို အကုန်လုံး ကြည့်လို့ ရပါတယ်။
‘add-ons’ တွေမှာ ‘.xpi’ ‘.js’ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ‘.xpi’ ကတော့ ‘add-ons’ အစစ်ဖြစ်ပြီး browser ပေါ်မှာ run ဖို့အတွက် တည်ဆောက်ထားတဲ့ အဓိကအထောက်အပံ့ တစ်ခုဖြစ်ပြီး ‘.js’ နဲ့ အဆုံးသတ်တဲ့ add-ons တွေကတော့ java script နဲ့ရေးထားပြီး browser ပေါ်မှာလာဖွင့်တဲ့ webside တစ်ခုချင်းစီ အတွက်ရည်ရွယ်ပါတယ်။ ရေးသားထားတဲ့ နည်းပရိယာယ်တွေဟာ လွယ်မယောင်နဲ့ ခက်နေတယ်ဆိုရင် (.xpi) ကို browser အတွက် ၊ (.js) ကို website အတွက်ဆိုပြီး အကြမ်းဖျင်း မှတ်သားထားနိုင်ပါတယ်။
Gmail ဟာ open-source အမည်ခံပေမယ့် developer တွေကို programming source code တ၀က်လောက် ဖွင့်ဟပေးထားတဲ့ အတွက် Gmail နဲ့ ပူးတွဲ သုံးစွဲမယ့် browser အတွက်ရော၊ Gmail inbox အတွင်းထဲကိုပါ အကောင်းဆုံး အရည်အချင်းတွေ ရရှိစေ နိုင်ဖို့ ၀ိုင်းဝန်း ထောက်ပံ့ ကြတဲ့ add-ons တွေက မရေမတွက်နိုင်အောင် ရှိနေပါတယ်။
Gmail manager
လူတစ်ယောက်မှာ Gmail account နှစ်ခု ၊ (ဒါမှမဟုတ်) သုံးခုရှိတယ် ဆိုပါဆို့၊ အဲဒီိလို အခါမျိုးမှာ မတူညီတဲ့ mail account တွေကို စစ်ဆေးချင်တဲ့အခါမှာ account တစ်ခုကိုဖွင့်လိုက် ၊ ပိတ်လိုက် လုပ်နေစရာမလိုပဲ တစ်ကြိမ်တစ်ခါတည်းနဲ့ Gmail account တွေကိုစစ်ဆေးချင်တဲ့အခါမျိုးမှာ Gmail manager ဟာသိပ်ကိုအသုံးဝင်ပါတယ်။
ဥပမာ မောင်မောင် ဆိုတဲ့  လူတစ်ယောက်ဆိုပါတော့ မောင်မောင် @ gmail .com, မောင်မောင် မိသားစုအတွက် @ gmail .com, နဲ့မောင်မောင် စီးပွားရေးလုပ်ငန်းအတွက် @ gmail .com, email သုံးခုစလုံးကို တစ်ပြိုင်နက်တည်း scree တစ်ခုတည်းမှာ (Firefox ရဲ့ ‘open tab’ သုံးခုဖွင့်လစ်ပြီး ) ဟိုဘက် ၊ ဒီဘက် mail စစ်ဆေးလို့ ရနိုင်ပါတယ်။
၁။ address bar https://addons.mozilla.org/en-US/firefox/addon/1320 လို့ရိုက်ပါ။
၂။ ဖိုင်အရွယ်အစား 100kb သာရှိပြီး အလွန်မြန်မြန်ဆန်ဆန်နဲ့ installn လုပ်လို့ရနိုင်ပါတယ်။
၃။ ပြီးရင် Firefox>tools>addons ကနေ တစ်ဆင့် Gmail manager (.xpi) extension version(0.5.9)
၎။ extension တွေ စုပေါင်းထားတဲ့ box ကြီးထဲမှာ Gmail manager တွေ့ရပြီဆိုတာနဲ့ Option ကိုကလစ်နှိပ်ပြီး ညွှန်ကြား နိုင်ပါ တယ်။
၅။ Browser ရဲ့ status bar ကိုကြည့်မယ်ဆိုရင် Gmail manager icon ကလေးပေါ်နေတာ တွေ့ရပါလိမ့်။
၆။ account တွေကိုလက်ခံနိုင်ဖို့အတွက် account တစ်ခုချင်းစီရဲ့ name နဲ့ paddword တွေကို မှန်မှန်ကန်ကန် ဖြည့်စွပ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
၇။ ပထမဆုံးအနေနဲ့ ‘All account settings’ မှာ Add ကို click နှိပ်ပါ။ Gmail ရဲ့ ပထမ account ဖြစ်တဲ့ (ပင်ကို account) mgmg account ကို username နဲ့ password ဖြည့်ပါ။ ပြီးရင် ဒုတိယ account မောင်မောင်မိသားစု အတွက် account ကို password နဲ့ user name ဖြည့်ပါ။ ပြီးရင် တတိယ account ကိုလည်း ဖြည့်စွက်ပါ။
* တကယ်လို့ ’startup’ option မှာရှိတဲ့ check box ကိုသာအမှန်ခြစ်ထည့်ပေးလိုက်မယ်ဆိုရင် ကွန်ပြူတာကို ဖွင့်တဲ့အချိန်တိုင်းမှာ (အင်တာနက်ကိုအလိုအလျောက်ချိတ်ဆက်ပြီး) Gmail ကို Auto ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကုန် သက်သာ ပါလိမ့်မယ်။
* မလိုချင်တဲ့ account ကိုအလွယ်တကူ ‘Remove’ လုပ်လို့ရနိုင်ပြီး secure ကိုပြည့်ဝစေဖို့လည်းညွှန်ကြားထားနိုင်ပါတယ်။
* ပြီးရင် OK ကို နှိပ်ပါ ( လိုအပ်ရင် Apply ကိုနှိပ်ပေးပါ။ )
၈။ browser ရဲ့ status bar ညာ ဘက်ထောင့်မှာ ဖြည့်စွတ်ထားတဲ့ လိပ်စာတွေ ကို တွေ့မြင်ရပါလိမ့်မယ်။
၉။ စာအိတ်အနီရောင် ‘icon လေးကို Click နှိပ်လိုက်တဲ့အခါမှာ Gmail Manager ရဲ့ function တွေပေါ်လာပါလိမ့်မယ်။ အဓိကကတော့ Main Subject နှစ်မျိုးရှိပါတယ် “ရွေးချယ်ထားတဲ့ Gmail ” ကိုဖွင့်ပေးဖို့’add’ လုပ်ထားတဲ့ account အကုန်လုံးကိုဖွင့်ပေးဖို့ နှစ်မျိုး ဖြစ်ပါတယ်။
၁၀။ account တစ်ခုချင်းစိမှာရှိတဲ့ မတူညီတဲ့ အရေအတွက်တွေ ကို ပုံမှာပြထားတဲ့အတိုင်းပြင်တွေ့ရပါလိမ့်မယ်။ ’show new mail snippets’ ဆိုတာကတော့ လက်ခံ ရရှိတဲ့ mail တွေမှာ ပါဝင်တဲ့ subject ကိုအတိုချုံးပြီး ရုပ်ရှင်ထွေလာသဘောမျိုး ပြသပေးမှာဖြစ်ပါတယ်။
၁၁။ ပြီးရင် browser မှာ ‘tab’ အသစ်တွေ ခေါ်ပါ။ တကယ်လို့ account နှစ်ခုကို တစ်ပြိုင်နက်ထဲဖွင့်ချင်ရင် ‘tab’ နှစ်ခုခေါ်ပါ။ သုံးခုဖွင့်ချင်ရင် ‘tab’ သုံးခုသုံးပါ။
၁၂။ ဒါဆိုရင် browser တစ်ခုအတွင်းမှာမတူညီကွဲပြားတဲ့ Gmail account မျိုးစုံကို Gmail manager ကို သုံးစွဲပြီး email စစ်ဆေးရင်း chatting လုပ်လို့ ရနိုင်ပါပြီ။
Gmail This
Internet ထဲမှာမွှေနှောက်ရှာဖွေနေရင်း တချို့သင်ခန်းစာဖိုင်ကလေးတွေကို မှတ်သားချင်တဲ့အခါ ဒါမှမဟုတ် အရေးကြီးတဲ့ သတင်းမှတ်စုတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းချင်တဲ့အခါမှာ Gmail This extension ဟာ အလွန်အသုံးဝင်ပါတယ်။
၁။ browser မှာ bar https://addons.mozilla.org/en-US/firefox/addon/3102 ရိုတ်ပါ။
၂။ extension ကို install လုပ်ပါ။
၃။ webpage ရဲ့လိုချင်တဲ့စာသားတွေကို ‘high-light’ လုပ်ပြီး select ပေးပါ။
၎။ Gmail ထဲမှာ လျင်လျင်မြန်မြန် သိမ်းစည်းထားပြီးဖြစ်ရုံသာမကဘဲ တခြားတစ်ယောက်စီကို forword လုပ်ဖို့ အဆင်သင့်ဖြစ်နေ တာ ကို တွေ့ရပါလိမ့်မယ်။
Better Gmail
‘Better Gmail’ ဟာ ‘grease monkey’ script တွေကို ပေါင်းစုပြီး extension အကြီးစား တစ်ခုအနေနဲ့ တည်ဆောက်ထားတာပါ။ script ပေါင်း ၁၀ ခု ထက်ပါဝင်ပြီး internet ချိတ်ဆက်ထားတဲ့ ပီစီတွေကို အချိန်မှန် update ရှာဖွေပေးပါတယ်။ install လုပ်တဲ့ အခါမှာ ‘.xpi’ နဲ့အဆုံးသတ်ထားတဲ့ ‘add-ons’ ကိုတွေ့ရပါလိမ့်မယ်။ Google Reader တွေကို import export လုပ်လို့ရတဲ့ function ၊ Gmail ကို Mac စတိုင် တည်ဆောက်လို့ရတဲ့ screen ၊ အလွယ်တကူ ပြောင်းလဲလို့ရတဲ့ ‘fonts’ တွေနဲ့ features မျိုးစုံတို့ ပါဝင်ပါတယ်။
extension နှစ်မျိုးရှိပါတယ်။ ပထမ version က (0.7) နဲ့ အခုထပ် ပြီးအသစ်ထွက်လာတာက (1.1) ဖြစ်ပါတယ်။ -https://addons.mozilla.org/en-US/Firefox/addon/A866 နဲ့ https://addons.mozilla.org/en-US/firefox/addon/6076 လိပ်စာနှစ်မျိုးရှိပါတယ်။ လိုချင်တဲ့ version ကိုစိတ်ကြိုက်ရယူနိုင်ပါတယ်။
Gmail Skins
Gmail Skins ဟာ Better Gmail ပေါ်လာပြီး တဲံ နောက်ပိုင်းမှာ တိမ်မြုပ်သွားတဲ့ add-ons တစ်ခုပါ။ Better Gmail ကိုမကျော် သွားနိုင်ပေမယ့် သူ့မှာလည်း အလွန်ကောင်းမွန်တဲ့ အရည်အချင်းတွေရှိနေပါတယ်။ ဥပမာအားဖြင့် Gmail ထဲက inbox ရဲ့ color ကိုစိတ်တိုင်းကျအရောင်ပြောင်းလဲနိုင်ခြင်း ၊ google ကနေ ပေးအပ်ထားတဲ့ ‘IG modules’ လို့ခေါ်တဲ့ gadget လေးတွေ၊ နာရီ၊ ရာသီဥတု ၊ အားကစားအသင်း စတာတွေကို gmail ထဲမှာ ပေါင်းထဲ့နိုင်တာတွေအပြင်၊ picase album နဲ့ ချိတ်ဆက်ပြီး image တွေကို လိုအပ်သလို organize လုပ်နိုင်တာ တွေဟာ သိပ်ထူးခြားပါတယ်။ ဒါ့အပြင် မလိုချင်တဲ့ lable တွေ ဥပမာ ကိုယ့် Gmail ထဲမှာ ရှိတဲ့ ’sent’ item box, ’spam box’ စတာတွေကို ဖယ်ထုတ်ပစ်ထားလို့ ရသလို user တွေသဘောတွေ့ကြတဲ့ funtionတစ်ခုကတော့ ‘inbox ,chat,sent’ စတဲ့ box တွေကို Gmailကစီစဉ်ပေးထားသလို ‘အပေါ်မှအောက် ‘ ဘယ်ဘက်ခြမ်းမှာထားရှိမှုကို မကြိုက်နှစ် သက်ရင် horizontal ပြန်လည်ပြောင်းလဲနိုင်ြ့ပီး Left to Rtght (ဘယ်ဘက်မှညာဘက်သို့) ဒီဇိုင်းဖွဲ့စည်းခွင့်ရှိတက်တာပဲဖြစ်ပါတယ်။ Better Gmail ထက်လူကြုက်နည်းရတဲ့ အဓိကအချက်ကတော့ ဒီ add-ons ဟာ coding error တချို့ ရှိနေလို့ပဲဖြစ်ပါတယ်။
၁။ http://gmailskins.mozdev.org ဟုရိုတ်ပါ။
၂။ အောက်ဆုံးမှာရှိသော ‘Hete install’ ကို click နှိပ်ပါ။ (သို့မဟုတ်လျှင် ) https://addons.mozilla.org/en-US/firefox/addon/2127 ရိုတ်ပြီး skin add-ons ကို အလျင်အမြန်သွားနိုင်ပါတယ်။
၃။ ကိုယ့် Gmail ကို color ဒီဇိုင်းပြောင်းလဲနိုင်ပါတယ်။ better gmail လို စတိုင်လှလှကလေးတွေ မပါဝင်ပေမယ့် လက်တည့်စမ်းပြီး add-ons တွေ ရေးသားချင်တဲ့ လူငယ်တွေအဖို့တော့ ဒီ Gmail skinz အဆင့်ဟာ အငယ်တန်းပထမ အဆင့်ဖြစ်တာမို့ အသုံးဝင်မှာပါ။
Customize google
ဒီ add-on လေးဟာ google မှာငွေပေးပြီးတကူးတက ကြော်ငြာထားကြတဲ့ ကြော်ငြာရှင်တွေအဖို့တော့ ရင်ကွဲ ပက်လက်ဖြစ်စေ နိုင်ပါတယ်။ google search engine မှာပဲ ဖြစ်ဖြစ် Gmail inbox အတွင်းထဲမှာပဲဖြစ်ဖြစ်၊ ရှိတတ်တဲ့ ညာဘက်ခြမ်းက ကြော်ငြာ တွေကိုဖယ်ထုတ်ပစ်နိုင်တဲ့ ‘Add-ons’ မို့လို့ပါပဲ။ ဒါ့အပြင်မှာ ‘http..’ နဲ့ သွားရိုးသွားစဉ် လမ်းကြောင်းကို ပိုမို လုံခြုံ စိတ်ချ ရတဲ့ ‘http…’ စနစ်ကို အလိုအလျောက်ပြေင်းပေးနိုင်တယ်။ inbox ကိုဖွင့်ဖွင့်ချင်းမှာ ‘contacts box’ ကိုအလျင်မြန် ဆုံး ဖွင့်လှစ်ပေးရုံသာသမကဘဲ ’spam-counter-box’ ကိုလည်းမမြင်၊ မကြည့်လိုသူတွေအတွက် အလိုအလျောက် ဖုံးအုပ်ပေးပါလိမ့်မယ်။ တခြားသုံးဝင်တဲ့ gunctions တွေဖြစ်တဲ့ ‘invite ‘ နဲ့ ‘font’ control တွေကို ပိုပြီး အစွမ်းထက်လာစေဖို့ကိုလည်းကူညီပေးပါတယ်။
၁။ http://addons.mozilla.org/en-US/firefox/addon/743 လို့ရိုက်ပါ။
၂။ ထုံးစံအတိုင်း install လုပ်ပါ။ browser ကို restart ပြန်လုပ်ပါ။ ‘add-ons’ မှာသွားရောက်စစ်ဆေးကြည့်ပါ။ ဂေါ်ဇီလာတစ်ကောင်ရဲ့ ခြေရာတွေလို logo ပုံစံကလေး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
၃။ google page ရဲ့ ညာဘက်မှာရှိတဲ့ ကြော်ငြာ page တွေကို ဖျောက်ဖျက်ပေးပြီး developer တွေအတွက် ရည်ရွယ်ပြီး ရှာဖွေခဲ့ တဲ့ ပုံရိပ် ဒါမှမဟုတ် keyword တစ်ခုကို အင်ဂျင် ၁၂ ကနေ ပူးပေါင်းရှာဖွေပေးပါတယ်။
၎။ ကြည့်ခဲ့တဲ့ page ကိုလည်း လွယ်လင့်တကူ save လုပ်ပြီး firefox ရဲ့ book mark manager ဒါမှမဟုတ် delicious ထဲကို ပေါင်း ထည့်ပေးနိုင်ပါတယ်။
၅။ မိခင် website ဖြစ်တဲ့ “http://customizegoogle.com” မှာ ဒီ add-ons ရဲ့ features တွေမှန်သမျှ ကို လုပ်ပုံလုပ်နည်းတွေနဲ့ တကွ ကြည့်ရှုလို့ရနိုင်ပါတယ်။
Gspace
Gspace ဟာ extension တစ်ခုဆိုတာထက် software တစ်ခုဆိုရင် ပိုပြီး မှန်ပါလိမ့်မယ်။ Mac, Linux. Window …. မတူညီ ကွဲပြားနေတဲ့ platforn မျိုးစုံအတွက် အလုပ်လုပ်နိုင်ပြီး Gmail နဲ့ ချိတ်ဆက်ပေးပြီး online ပေါ်မှာ stroage နေရာ တစ်ခုကို ဖန်ဆင်းပေးပါတယ်။ Gmail ထဲက file တွေကိုပဲဖြစ်ဖြစ်၊ image ပုံတွေကိုပဲဖြစ်ဖြစ်၊ အလွယ်တကူ drag and drop ဆွဲထည့်ပြီး သိမ်းဆည်းလို့ ရနိုင်ပါတယ် ။ စတင်သုံးစ အချိန်မှာ Gspace ဟာ ခက်ခဲသရောင်ရှိပင်မယ့် tools တွေကိုသဘောပေါက်သွားတဲ့ အချိန်မှာတော့ အလွန်အားကိုးရတဲ့ add-on တစ်ခုဆိုတာသိရပါလိမ့်မယ်။
၁။ http://www.getspace.com/download.html ဟုရိုတ်ပါ ။
၂။ Window သမားတွေ အတွက် download ချခွင့် ပြုထားတဲ့ icon လေးပေါ်ကတဆင့် Click နှိပ်ပြီး download လုပ်ယူရပါတယ်။ 1MB မပြည့်တပြည့်သာရှိပြီး လွယ်ကူလျင်မြန်စွာနဲ့ပဲ brownser ‘add-ons’ box အတွင်းကို ရောက်ရှိသွားပါလိမ့်မယ်။
၃။ Gspace ဟာ ‘file transfer protcocol’ access ဖြစ်တဲ့ အတွက် ကိုယ့်ပီစီထဲမှာရှိတဲ့ file တွေကို internet ပေါ်ကို upload တင်တဲ့အခါ အလွန်မြန်ဆန်တာကို တွေ့ရပါလိမ့်မယ်။
၎။ အဲဒီလို upload တင်တဲ့ နေရာမှာတော့ ခြွင်းချက်အနေနဲ့ လုံခြုံရေး ပြည့်ဝပြီး google နဲ့ ချိတ်ဆက်ထားတဲ့ website တွေဖြစ်တဲ့ ‘you tube’, facebook စတာတွေကိုသာ လက်ခံ ပါတယ်။ ဒါကြောင့် အရင်ဆုံး အနေနဲ့ ကိုယ့် upload တင်ချင်တဲ့ web site တွေမှာ account လုပ်ထားရပါလိမ့်မယ်။
၅။ တကယ်လို့ file တစ်ခုကို transfer လုပ်ချင်ပြီဆိုရင် ‘login’ ကို click နှိပ်ပြီး password ပေးရပါလိမ့်မယ်။ ပြီးရင် ခဏ စောင့် ပေးပါ။
၆။ ပြီးတာနဲ့ ‘upone directory’ button ကို click နှိပ်ပြီး ကိုယ့်ရဲ့ ပီစီထဲမှာရှိတဲ့ attach file တွေကို Gmailထဲကို လွှဲပြောင်း ယူလို့ ရနိုင်ပါပြီ။
Gmail Search
တစ်ခါတစ်လေမှာ၊ နေ့လယ်နေ့ခင်းတွေမှာ internet connection တွေ စုပြုံကျပ်ခဲပြီး နှေးကွေးလွန်းနေပါလိမ့်မယ်။ အဲဒီ အချိန်မှာ ကိုယ့် Gmail box ကို စာအသစ်တွေရောက်မရောက်ကို သိရှိဖို့အတွက် Gmail ပကလဲ ဖွင့်ရတာ အရမ်းနှေးပြီး လိုချင်တဲ့ အဆင့်ကို မရောက်နိုင် ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် Gmail home page ကို လုံးဝဖွင့်ဖို့မလိုဘဲ address bar ကနေ တစ်ဆင့်ကိုယ့် Gmail မှာ စာအသစ်တွေ ရောက်၊ မရောက်ကို ဖွင့်လှစ်ကြည့်နိုင်မယ့် နည်းလမ်းအတော်များများတော့ လိုမှာပါပဲ။ ‘Gmail search ‘ ဆိုတဲ့ extension ဟာ Gmail inbox ကို (လုံးဝ ) ဖွင့်လှစ်ဖို့မလိုအပ်ပါ။ Browser ရဲ့ ‘address bar’ ကို gmail အတွင်းမှာရှိတဲ့ ’search box’ လိုသဘောထားပြီး အီးမေးလ် အသစ်တွေကို ရှာဖွေပေးနိုင်ပါတယ်။
၁။ “http://philwilson.org/blog/2004/12/search-your-gmail-in-firefox.html” ဟုရိုက်ပါ။
၂။ “click this link to install the gmail search engine” ဆိုတဲ့ link ကို ကလစ်နှိပ်ပြီး install လုပ်ပါ။
၃။ add search engine မှာ ပေါင်းထည့်မှာလားဆိုတဲ့ box ကလေးပေါ်လာပါလိမ့်မယ်။ Add ဟု ပြောပေးပါ။
၎။ ပြီးတာနဲ့ Gmail account ထဲကို ဝင်ပါ။ မဝင်ခင်မှာ search box မှာ ကြိုတင်ပြီး ရှာထားခဲ့မယ်ဆိုရင် gmail ထဲကို ဝင်ပြီ ဆိုတာနဲ့ ကိုယ်ရှာဖွေမယ့် Gmail တွေကိုတစ်ခါတည်းတွေ့ရ ပါလိမ့်မယ်။
၅။ တကယ်လို့ Gmail/server ကဖြစ်ဖြစ် ၊ user ကဖြစ်ဖြစ် ၊ တစ်စုံတစ်ခုမှားယွင်းသွားခဲ့ ရင် temporary Error (502) ဆိုပြီး ပြသ ပါလိမ့်မယ်။
၆။ ဒါဟာ Gmail ရဲ့ ဟိုးအရင်ကာလ1GB inbox အတွင်းမှာမပါဝင်ခဲံတဲ့ mail search အတွက် အသုံးဝင်မယ့် အခုနေမှာတော့ Gmail account ထဲမှာရှိတဲ့ search engine ကပိုလို့တောင်ထက်နေပါသေးတယ်။
GCal Quick Tab
Google ဟာ Gmail, Gtalk, Google Calender စတဲ့ product မှန်သမျှကို တစ်ခုနဲ့တစ်ချိတ်ဆက်ထားတဲ့ နည်းပညာကို အသုံးပြုပါတယ်။ ပေါင်မုန့်တစ်ထပ်၊ အသားတစ်ထပ်၊ ပေါင်မုန့်တစ်ထပ်… အဲဒီ လိုမျိုး ‘ ဆင်းဒဝစ်’ မုန့်မျိုးနဲ့ အလားသတူ လိမ့်မယ်ထင်ပါတယ်။ တစ်ခုချင်းစားကြည့်တဲ့အခါမှာလည်း တကယ့်’စားမြိန်ဖွယ်’ တစ်ခုပါ။Gtalk, Gmail စတဲ့ ထုတ်ကုန်တိုင်းမှာ လိပ်စာကိုယ်စီ ရှိကြတဲ့အတွက် တစ်ခုချင်းကို သီးသန့်သုံးစွဲလို့ ရနိုင်ပါသလို ပေါင်းစုပြီး ‘package’ အနေနဲ့လည်း သုံးစွဲလို့ ရနိုင်ပါတယ်။ ‘Gcal’ လို့အလွယ်ခေါ်ကြတဲ့ ‘google calendar’ services ဟာ ယခင်က Gmail ထမှာ မပါဝင်ပါဘူး ။ ဒါကြောင့် အရေးကြီးတဲ့ နေ့ရက်တွေနဲ့ အချိန်းအချက်ပြုလုပ်ချင်တဲ့ မှတ်သားမှုတွေမျိုးကို Gmail ဖွင့်လှစ်ရင်းနဲ့တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ဖို့ ‘Gcal Quick Tab’ ကစွမ်းဆောင်ပေးပါတယ်။ Gmail နဲ့ Google Calendar အကြားကို keyvoard short -cuts တွေနဲ့ အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါမယ်။
၁။ http://addons.mozilla.org/en-US/firefox/addon/2372 ကိုရိုက်ပါ။
၂။ install လုပ်ပြီး firefox ကို restart ပြန်လုပ်ပါ။
၃။ ပြီးရင် ထပ်ပြီးတော့ http://www.google.com/calendar ရိုက်ပါ။
၅။ အခုအချိန်ကစပြီး ကိုယ့်ရဲ့ calendar box ထဲမှာ နေ့စွဲအလိုက် email သတိပေးမှုတွေနဲ့ တခြား function တွေအများကြီး ပေါင်း ထည့်လို့ရပါပြီ။ ဥပမာ- january15 ရက်နေ့ ရောက်ရင်သူငယ်ချင်းတစ်ယောက်နဲ့ ‘chat ‘ ဖို့ရှိတယ်။ သတိပေးပါ။အဲဒီ သတိပေးချက် ကိုပဲ mail alert နဲ့ အပေးဘဲ pop-up box တစ်ခုအနေနဲ့ သတိပေးပါဆိုပြီး အများကြီး ညွှန်ကြားထားလို့ရပါပြီ။
GTD inbox
GTD ဟာ ‘Getting Thing Done’ ကို အတိုကောက် ခေါ်ဆိုထားတာပါ။ အဓိက အလုပ်ကတော့ Gmail ရဲ့ inbox အတွင်းမှာ နေရာ ယူပေးပြီး လူတယောက်ချင်းဆီအတွက် တနေ့တာ ပြုလုပ်ဖို့ ရှိတဲ့ စာရင်းတွေကို မှတ်သားထားလို့ ရပါတယ်။ ‘Note book, calendar, mail alert’ အဲဒီ လုပ်ဆောင်နိုင်စွမ်း သုံးခုကို ပူးပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ဥပမာ လူတယောက်ဟာ ဒီနေ့ညနေ ငါးနာရီမှာ အင်္ဂလန်က သူငယ်ချင်း တယောက်နဲ့ စကားပြောဖို့ ရှိတယ် ဆိုရင် ‘To do list’ မှာ အချိန်နဲ့ reminder တခုကို လုပ်ပေးပြီး Gmail box ကိုပြန်ပိတ် ထားလိုက်လို့ ရပါတယ်။ အဲဒိ အခါမှာ google ရဲ့ alert ကနေ ညနေ ၅နာရီိအချိန်မှာ အကြောင်းကြား ပေးပါလိမ့်မယ်။
၁။ http://addons.mozilla.org/en-US/firefox/addon/3209 ရိုက်ပါ။
၂။ ထုံးစံအတိုင်း install လုပ်ပြီး browser ကို restart ပြန်လုပ်ပါ။
၃။ Firefox ရဲ့ tools menu အောက်မှာရှိတဲ့ ‘add-ons’ ထဲမှာ ‘GTD inbox’ ဆိုပြီး သိသိသာသာ ကွဲပြားနေတဲ့ add-on ကို တွေ့ရ ပါလိမ့်မယ်။
၎။ option ကို click နှိပ်လိုက်ရင် GTD inbox ရဲ့ လုပ်နိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက် စွမ်းရည်ကို အမျိုးမျိုးအစားစား များပြားစွာ တွေ့ရ ပါလိမ့်မယ်။
၅။ တကယ်လို့ GTD inbox ကို မိမိရရ လေ့လာချင်တယ်ဆိုရင်တော့ သုံးဆွဲနည်းတွေကို အသေးစိတ် ရှင်းပြထားတဲ့ http://www.gtdinbox.com ကို သွားရောက်လေ့လာနိုင်ပါတယ်။
Drag drop upload
Gmail အတွင်းမှာ ‘attach’ ပေါင်းထည့်ဖို့အတွက် attach function ကို click နှိပ်ပြီး explorer box ကနေ တစ်ဆင့် တမေ့တမော သွားရတဲ့ ဒုက္ခ တစ်ခု ရှိပါတယ်။ တကယ်လို့ ‘Dragdrop -upload’ ဆိုတဲ့ add-ons ကိုသာ install လုပ်ထားခဲ့မယ်ဆိုရင် ပိုပြီး အချိန်ကုန်သက်သာသွားမှာ အမှန်ပါပဲ၊ ‘dragdrop upload’ ဟာ drag and drop လုပ်ပြီး Gmail ရဲ့ compose mail အတွင်းကို အလွယ်တကူ attach file တွေချိတ်တွယ်နိုင်စေပါတယ်။
၁။ Firefox address bar မှာ ‘http://addons.mozilla.org/en-US /firefox /addon/2190’ဟုရိုတ်ပါ။
၂။ addon ကို install လုပ်ပြီး browser ကို restart ပြန်လုပ်ပါ။
google toolbar
google toolbar ဟာfirefox နဲ့ IE သုံးစွဲသူ နှစ်မျိုးစလုံး အတွက် google အဖွဲ့အစည်း ကနေ တရားဝင် ထုတ်လွှင့် ပေးခဲ့တဲ့ toolbar functions တခု ဖြစ်ပါတယ်။ opera browser ကိုသုံးစွဲသူတွေ အတွက်တော့ ‘widget’ တခု အနေနဲ့ သာ တည်ရှိပြီး တရားဝင် toolbar အနေနဲ့ ထုတ်လွှင့် ပေးခဲ့ခြင်း မရှိ သေးပါ။ google toolbar ဟာ Gmail တခုတည်းအတွက်သာ အသုံးဝင်တာ မဟုတ်ဘဲ google ရဲ့ တခြား products တွေကို နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲကြတဲ့ user တိုင်းအတွက် ရည်ရွယ်ပြီး features မျိုးစုံကို ထည့်သွင်း ပေးအပ်ထားပါတယ်။ toolbar ကို install လုပ်လိုက်တာနဲ့ ‘browser bar’ မှာ ထပ်မံပြီး လိပ်စာတွေ ခဏခဏ ရိုက်သွင်းရတဲ့ page ၊ ဥပမာ အားဖြင့် Gmail ဆိုရင် Gmail icon လေးကို click လုပ်လိုက်ရင်ပဲ ‘toolbar’ ကနေ အလိုလို အလုပ်လုပ်ပေးသွားမှာပါ။
၁။ http://toolbar.google.com/gmail-toolbar (သို့မဟုတ်) http://google.com/tools/firefox/toolbar ဟုရိုက်ပါ။
၂။ ပြီးရင် download ကို click နှိပ်ပါ။
၃။ (.xpi)extension နဲ့ အဆုံးသတ်ပြီးရင် browser ကို restart ပြန်လုပ်ပါ။ (အကယ်၍ IE ကို အသုံးပြုခဲ့လျှင် http://toolbar.google.com/T4/?rd=f ဖြစ်ပါတယ်။
၎။ google toolbar ကိုအသုံးပြုပြီး Gmail ကို အလွယ်တကူ check လုပ်နိုင်တာတွေရယ်၊ လုံခြုံစိတ်ချစွာ searching လုပ်နိုင် တာ တွေရယ် အပြင် google ရဲ့ product မှန်သမျှ စုပေါင်းထားတဲ့အတွက် တန်ဘိုးအရှိဆုံး extension တခုဖြစ်ပါတယ်။
FireGPG
FireGPG ဟာလည်း Gmail အတွက်အသုံးဝင်ပြီး တန်ဖိုးရှိတဲ့ script တွေကို ဆစ်စုတစ်ဝေးတည်းပေါင်းထည့်ပေးထားတဲ့ manager တစ်ခုပဲဖြစ်ပါတယ်။ ‘encrypt’, decrypt’, ’sign’, ‘attach’ စတဲ့လက်တိုလက်တောင်းအရည်အသွေးကောင်းလေးတွေကို တစ်နေရာ တည်း ကနေ အလုံးစုံ အသုံးပြုနိုင်အောင်လို့စီစဉ်ထားပါတယ်။
၁။ http://firefpg.tuxfamily.org/atable/firefpg.xpi ဟုရိုတ်ပါ။
၂။ Download FireGPG ကို Cilck နှိပ်ပါ။ install လုပ်ပြီး browser restart ပြန်လုပ်ပေးပါ။
၃။ ပြီးရင် Gmail ကိုဖွင့်ပါ။ inbox အတွင်း လွတ်တဲ့ တစ်နေရာမှာ Right Cilck နှိပ်လိုက်တဲ့ အခါ Fire GPG box ကို drop-down box မှာ တွေ့ရပါလိမ့်မယ်။
၎။ Fire GPG ဟာသူ့ရဲ့ icon လေးလိုမျိုး ကိုယ့်ရဲ့ Gmail ကို လုံခြုံမှု အပြည့်အဝရအောင် ဖန်တီး ပေးပါတယ်။ အဲဒီမှာ ရှိနေတဲ့ text editor ဆိုတာဟာ သီးသန့် email ဖန်တီးလို့Not-pad လိုမျိုး editor တစ်ခုဖြစ်ပါတယ်။
၅။ အသေးစိတ် လေ့လာချင်ရင် http://firefpg.tux-family.org မှာဝင်ရောက် သင်ယူလေ့လာနိုင်ပါတယ်။
တုန်လှုပ်စရာကောင်းတဲ့ သတင်းတပုဒ်
June 17th, 2009> ကျနော်နဲ့ ပုဂ္ဂိုလ် ရေးအရ ရင်းနှီးတဲ့ အရာရှိစစ်ဗိုလ်တယောက်ဆီက အလွန်ကို
> စိုးရိမ်ထိတ်လန့်ဖို့ကောင်းတဲ့ သတင်းတခု ကြား ရပါတယ်။ သူက လျှပ်စစ်ဝန်ကြီးဋ္ဌာန
> (MoEP-2) ၀န်ကြီးရဲ့ ကိုယ်ရေးအရာရှိဖြစ်ပါတယ်။
>
> သူ့ဆီက ကြားရတဲ့သတင်းက ဒီလိုပါ။ ကျနော်တို့အချင်းချင်း ဆိတ်ငြိမ်တဲ့
> ဘီယာဆိုင်တခုမှာ ဆုံဖြစ်ကြတာမျိုး ရှိတယ်။ (အမှန်ကတော့ တံစို့လက်ဆောင်ပေးဖို့
> ကိစ္စတွေအတွက် တရားဝင် တွေ့ဆုံကြတဲ့ သဘောပါပဲ)။ ထုံး စံအတိုင်း ကျနော်တို့အုပ်စု
> တွေ့ဆုံတဲ့အခါမှာ သူ့ကို စ နောက်ရင်း ရန်ကုန်မှာ လျှပ်စစ်မီး ကြောက်ခမန်းလိလိ
> ပြတ်တောက်နေတဲ့အကြောင်း ဝေဖန်ပြောဆိုဖြစ်ကြတယ်။ ကျနော်တို့အားလုံး MoEP-2 ကို
> အပြစ်ဖို့ ပြောဆို ကြတယ်။ စ နောက် ပြောဆိုလို့ (၂) နာရီလောက်ကြာတော့ သူသောက်တာ
> များသွားပြီး လုံးဝမဟန်နိုင်တော့ ဘူး။ အဲဒီမှာတင် (ထန်းရည်မူးလို့
> ကျွဲခိုးပေါ်ဆိုသလို) လျှပ်စစ်နဲ့ ပတ်သက်တဲ့ အလွန်အရေးကြီးတဲ့ သတင်းကို
> ကျနော်တို့ကို ပြောပြတော့တာပဲ။
>
> သူပြောပြတာကတော့ စစ်အုပ်စုက ရန်ကုန်မှာ သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့
> လျှပ်ဓာတ်အားပေးစက်ရုံတ ခုကို ၂၀၀၉ မတ်လကတည်းက တည်ဆောက်ပြီးစီးသွားပြီတဲ့
> (နေရာတော့မကျိန်းသေဘူး။ ဒါပေမယ့် ကျနော့် အထင် အလုံက စက်ရုံကို သူ
> ရည်ညွှန်းပုံရတယ်) ကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းတွေကနေ ဓာတ်ငွေ့ပိုက်
> လိုင်းတွေနဲ့ဆက်ပြီး တည်ဆောက်ထားတာတဲ့။ စပြီး လည်ပတ်ဖို့ MoEP ရဲ့
> ခွင့်ပြုမိန့်ပဲ လိုတော့တယ်တဲ့။
>
> သူပြောပုံအရ အဲဒီစက်ရုံကနေ လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်တဲ့
> ရန်ကုန်မြို့အတွက် လိုအပ်တဲ့ လျှပ်စစ် သုံးစွဲမှု စုစုပေါင်းပမာဏထက်တောင်
> ပိုသေးတယ်ဆိုပဲ။ ဒါပေမယ့် စစ်အုပ်စုက အခုအထိ လည်ပတ်မိန့် မပေး သေးဘူးတဲ့။
> ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့နိုင်မလား မနိုင်ဘူးလား
> သိချင်နေတယ်တဲ့ (ဆိုလိုတာကတော့ သူတို့ ရွေးကောက်ပွဲ ရှုံးမှာကို
> အရမ်းကြောက်နေတယ်။ သူတို့ အခု အပေါ်စီးကနေ ထိန်း ချုပ်ထားနိုင်တာတောင်မှ
> အပြီးသတ် ဆုံးဖြတ်ချက်ချဖို့အတွက် သူတို့လူတွေ အပါအ၀င် ပြည်သူလူထုနဲ့ ပတ်
> သက်ပြီး အခုအထိ ယုံကြည်မှု မရှိသေးဘူးဖြစ်နေတယ်)။
>
> တကယ်လို့ ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင်တော့ ရန်ကုန်မြို့သူမြို့သားတွေကို
> လက်ဆောင်ပေးတဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို စပြီး
> လည်ပတ်ပေးလိမ့်မယ်တဲ့။ ဒါပေမယ့် သူတို့မှာ ကြောက်စရာကောင်း တဲ့ အစီအစဉ်
> ဆွဲထားတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ သူတို့ရှုံးခဲ့ရင် မတော်တဆဖြစ်တယ်လို့
> အကြောင်း ပြပြီး ဆောက်ထားတဲ့ ဓာတ်အားပေးစက်ရုံကြီးကို ဖျက်ဆီးပစ်မယ်တဲ့။
> တခုလုံးကို ပြန်တည်ဆောက်ဖို့ဆိုရင် အစိုးရသစ်အတွက် နောက်ထပ် ၅ နှစ်လောက်
> အချိန်ယူရမယ်တဲ့။
>
> ဒါဟာ စစ်အုပ်စုဆီက ကျနော်တို့ အမြဲကြားရလေ့ရှိတဲ့ TERRORIST ACT ဆိုတာထက်
> ဆိုးတဲ့ TERRIBLE IDEA ပါပဲ။ တကယ့်ကို ယုတ်မာပက်စက်တဲ့ အကြံအစည်ပါပဲ။
> မိတ်ဆွေတို့အနေနဲ့ မီးစက်တွေက ထွက်တဲ့ ဆူ ညံသံတွေ၊ မီးခိုးငွေ့တွေနဲ့
> မရေမတွက်နိုင်လောက်အောင် မီးမှောင်ကျနေတဲ့ ညတွေကို မဖြတ်သန်းဖူးဘူးဆို ရင်
> ဒီ(လျှပ်စစ်)ဟာ ဘာကြောင့် ဒီလောက်အသည်းအသန် ဖြစ်နေရသလဲ၊ ရန်ကုန်နေ
> ပြည်သူတွေအတွက် ဘာကြောင့် အရေးတကြီးကိစ္စ ဖြစ်နေရတာသလဲ ဆိုတာကို နားလည်ချင်မှ
> နားလည်နိုင်မယ်။
>
> အိမ်အသုံးစရိတ်ရဲ့ အနည်းဆုံး ၄ ပုံ ၁ ပုံလောက်ဟာ မီးစက်နှိုးဖို့ ၀ယ်ထည့်ရတဲ့
> ဒီဇယ်ဖိုးထဲ ပါကုန်ရော။ မီး ပြတ်လို့ မီးမရှိလို့ ရေမရှိလို့ ကြုံရတဲ့
> ဒုက္ခသုက္ခတွေ၊ အခက်အခဲ ပြဿနာတွေကတော့ မဖော်ပြနိုင်လောက် အောင် ဒုနဲ့ဒေးပါပဲ။
>
> ရန်ကုန်နဲ့ အဆက်အသွယ်ကောင်းကောင်းရှိသူများ ဒီသတင်းနဲ့ ပတ်သက်ပြီး
> မှန်ကန်ကြောင်းအတည်ပြုဖို့ ကျေးဇူးပြုပြီး ဆိုင်ရာပိုင်ရာကတဆင့်
> စုံးစမ်းကြည့်ကြစေလိုပါတယ်။ ကျနော်ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြ နိုင်တာကိုတော့
> နာလည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
သစ်သားဇလုံလေး
June 16th, 2009မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊
လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက
လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့
ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ
အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။
ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့
အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့်
ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။
ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး
စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။
သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ “ငါတို့ တစ်ခုခု
လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့
အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို
ဆက်မမြင်ချင်တော့ဘူး။” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို
ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ
စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ
တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့
စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။
အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ်
သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့
သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း
အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့
မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို
မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို
ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။
ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို
လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။
တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့
သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ
လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့
အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့
အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့
သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။
သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး
အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။
စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ
အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့
စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့
မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို
တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို
တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့
ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။
ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို
ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင်
မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့
ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက
အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု
စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့
ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့
ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက်
ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့
စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့
ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး
အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ
ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ
စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။
အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ
မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို
ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန်
ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။
လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ
ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည်
ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ်
ဝဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို
ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင်
စဉ်းစားကြည့်စေချင်တယ်။
မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက်
တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို
ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင်
အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက
တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ
တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။
တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။
ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ
မရှိပါဘူး။
လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
“သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ”
တရားသူကြီး နှင့် ရှေ့နေဟာသများ
June 16th, 2009သူ့အကြောင်းပြချက်
လင်မယား နှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို သွားကြပါတယ်။ အဲဒီမှာ သူတို့ရဲ့ ကလေးရဲ့ အုပ်ထိန်းသူ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အငြင်းပွားကြပါတယ်။ ဂျူရီလူကြီးတွေက သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် ကလေးရဲ့ အုပ်ထိန်းသူ ဖြစ်သင့်တယ်လို့ ထင်သလဲ ဆိုတာကို မေးပါတယ်။ ပထမဆုံး ဂျူရီလူကြီးတွေက အမျိုးသမီးကို မေးပါတယ်။ အဲဒီတော့ အမျိုးသမီးက
“ကျွန်မ ဒီကလေးကို ကိုးလလောက် ဝမ်းထဲမှာ လွယ်ထားရတယ်။ နောက်တော့ ကျွန်မ နာနာကျင်ကျင်နဲ့ မွေးဖွား ရတယ်။ အဲဒါကြောင့် ဒီကလေးဟာ ကျွန်မရဲ့ တစိတ်တပိုင်းလို့ ပြောရင် ရတယ်။” လို့ ပြောပါတယ်။ ဂျူရီလူကြီးတွေက အမျိုးသမီးရဲ့ အဖြေကို သဘောကျသွား ကြပါတယ်။
အဲဒီနောက်မှာတော့ အမျိုးသားကို အဲဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။
“ကောင်းပြီ။ ကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့ စက်ထဲ ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော် ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။” လို့ အမျိုးသားက သူ့ရဲ့ အကြောင်းပြချက်ကို ပြောပါတယ်။
လျှော့ဈေး
တရားသူကြီးက တရားခံကို ခပ်တင်းတင်းကြည့်ရင်း မေးတယ်။
တရားသူကြီး။ ။“မင်းထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီလဲ။”
တရားခံ။ ။“၉ ခါရှိပါပြီ။ တရားသူကြီးမင်း။”
တရားသူကြီး။ ။“၉ခါ။ ဟုတ်လား။ ဒါဆိုရင် မင်းကိုငါ အကြီးလေးဆုံး ပြစ်ဒဏ်ပေးရလိမ့်မယ်။”
တရားခံ။ ။“အကြီးလေးဆုံး ပြစ်ဒဏ်။ ဟုတ်လား။ အမြဲလာနေကျ ဖောက်သည်ပဲ။ Discount လေးတော့ ပေးပါဦး။”
နည်းနည်းလေးပါ
တရားသူကြီးက မေးပါတယ်။
“မင်းအသက် ဘယ်လောက် ရှိပြီလဲ။ မင်းဟာ ကျမ်းကျိန်ပြီး ထွက်ဆိုနေတယ် ဆိုတာကို သတိရပါ။”
အဲဒီတော့ အမျိုးသမီးက “၂၁ နှစ်ကို လနည်းနည်း စွန်းပါပြီ။” လို့ ပြန်ဖြေပါတယ်။
“ဘယ်နှစ်လ စွန်းတာလဲ။” တရားသူကြီးက အတိအကျ မေးပါတယ်။
“၁၀၈ လ ပဲ စွန်းတာပါ။” လို့ အမျိုးသမီးက ပြန်ဖြေပါတယ်။
ဘယ်သူလဲ။ စဉ်းစားကြည့်စမ်း
တစ်နေ့မှာ လူငယ် တစ်ယောက်ဟာ စာတိုက်အတွင်းကို လမ်းလျှောက်ဝင်လာရင်း ထိပ်ပြောင်ပြောင်နဲ့ လူလတ်ပိုင်း တစ်ယောက်ဟာ ကောင်တာမှာ ရပ်ပြီး ရိုမန်းတစ်ဖြစ်တဲ့ တံဆိပ်ခေါင်းတွေကို ပန်းရောင်နဲ့ အသည်းပုံ လေးတွေပါတဲ့ စာအိတ်တွေမှာ ကပ်နေတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရေမွှေးပုလင်းကို ထုတ်ပြီး အဲဒီစာအိတ်တွေရဲ့ အပေါ်မှာ ဖြန်းနေတာကိုလည်း တွေ့ရပါတယ်။ လူငယ်က စိတ်ဝင်စားတာနဲ့ အဲဒီလူဆီကို သွားပြီး ဘာလုပ်နေတာလဲ ဆိုတာကို သွားစပ်စုပါတယ်။
“ဘယ်သူလဲ။ စဉ်းစားကြည့်စမ်း လို့ အောက်က လက်မှတ်ထိုးထားတဲ့ ဗယ်လင်တိုင်းဒေး ကတ်ဒ် ၁၀၀၀ ကို ပို့မလို့ လုပ်နေတာ။” လို့ အဲဒီလူက ပြောပါတယ်။
လူငယ်က အံသြတကြီးနဲ့ “ဘာလို့အဲဒီလို လုပ်ရတာလဲ။” လို့မေးပါတယ်။
“ငါက ကွာရှင်းပြတ်စဲမှုတွေမှာ အထူးပြုတဲ့ ရှေ့နေလေ။” လို့ သူက ပြန်ဖြေပါတယ်။
စေတနာရှင်
တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက် မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို မေးပါတယ်။
“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”
“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့ အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့ ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို ရောက်တော့ မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ အလွန်ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁ ပေလောက်ရှည်တယ်” လို့ ပြန်ပြောလိုက်ပါတယ်။
မှတ်ထား
“ခင်ဗျား အဲဒီလူကို သေဆုံးကြောင်း အတည်ပြု လက်မှတ်မထိုးခင် သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသလား။ နှလုံးခုန်သံကို နားထောင်လား။ အသက်ရှူမရှူ ရော စစ်ရဲ့လား။”
“အဲဒါတွေတော့ မလုပ်ဘူး။” လို့ ဆရာဝန်က ပြန်ဖြေပါတယ်။
“အဲဒါဆိုရင် သေဆုံးကြောင်း အတည်ပြု လက်မှတ်ထိုးတော့ ခင်ဗျား သူသေနေပြီ ဆိုတဲ့အချက်ကို မသေချာဘူးပေါ့။ ဟုတ်လား။” လို့ ရှေ့နေက ဆရာဝန်ကို ထပ်မေးပါတယ်။
အဲဒီတော့ ဆရာဝန်က “အင်း။ အဲဒီလူရဲ့ ဦးနှောက်က ကျွန်တော့် စားပွဲပေါ်က ဖန်ပေါင်းချောင်ထဲမှာ ရောက်နေပြီ။ ဒါပေမယ့် သူ့အနေနဲ့ ရှေ့နေတော့ လုပ်စားလို့ ရသေးတယ် ဆိုတာကိုတော့ ကျွန်တော် မေ့သွားတယ်။” လို့ ပြန်နှိပ်ကွပ် ပါတယ်။
astalavista.com ကိုဟက်သွားတဲ့အကြောင်း
June 15th, 2009informationation security နဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေစုပြီး ၁၉၉၇ ခုနှစ်ကတည်းကထောင်ထားကြတဲ့
astalavista.com ဆိုတဲ့ဆိုက်ဟာနာမည်ကျော်ပါ။ ၀ါသနာပါသူတိုင်းသိကြပါတယ်။
ဒါပေမယ့် ခုတော့ anti-sec ဆိုတဲ့ အဖွဲ့က “ဟက်” သွားပြီ။
ဆာဗာနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်တွေကိုလဲ အကုန်လျှောက်တင်သွားသေးတယ်။
ဒါနဲ့တင်ရပ်မသွားသေးဘူး။ နောက် (၂)ရက်လောက်ခြားပြီး…. astalavista.com အဖွဲ့ဝင်တစ်ယောက်ပိုင်တဲ့ ဆာဗာကိုပါ လုပ်ပြန်ရော။
အထဲက အရေးကြီးတဲ့အချက်တွေကို တင်ပြန်ရော။
အဲဒီလူကတော့ သူ့ဂျီမေးကိုခိုးဝင်ပြီး အထဲက passwd ကိုရသွားတာလို့ပြောတယ်။ ကိုရီးယား အိုင်ပီလို့ပြောတယ်။
သူတို့တင်ထားတာတွေကိုပြန်တင်ပေးထားတယ်။ linux သမားတွေ ဗဟုသုတအတွက်။
ကျွန်တော့်သဘောအရတော့ အားလုံးကို အမှန်တွေလို့တော့ မထင်ဘူး။
ဒါပေမယ့် pr0j3ct m4yh3m နဲ့ပတ်သက်တဲ့အုပ်စုကလားလို့တော့ သံသယ၀င်စရာရှိတယ်။
လုပ်ပြီးရင် ခုလိုပဲ အပြည့်အစုံပြန်တင်ပြတတ်လို့။ သူတို့အယူအဆကတော့ အဖြူရောင်ဟက်ကာတွေဟာ ကြွားလုံးကြီးကြသလို၊ အနက်ရောင်တွေ ရဲ့မကောင်းကြာင်းတွေကိုလဲ ပိုပြောပြီး၊ ခြောက်လှန့်လုံးတွေသုံးလို့ ပိုက်ဆံရှာကြတယ်ဆိုသကိုး။
ဒါကြောင့် အဲဒီတော်လှပါတယ်ဆိုတဲ့ အဖြူရောင်တွေရဲ့ဆိုက်တွေကိုပဲ လိုက်သမနေကြတာတဲ့။
ဘယ်သူတွေပါမှန်းကို မသိရတာလို့ပြောကြပါတယ်။
ဒါက astalavista.com နဲ့ပတ်သက်တဲ့ မှတ်စုတဲ့…
http://www.4shared.com/file/11096722…m4cf55a72.html
ဒါကတော့ အဲဒီ astalavista.com အဖွဲ့က ပုဂ္ဂိုလ်တစ်ယောက်ပိုင်တဲ့ဆာဗာ(infosec.org.uk)နဲ့ပတ် သက်တဲ့ မှတ်စုတဲ့ဗျား။
http://www.4shared.com/file/11096722…/f3dc4401.html
မတင်ရင်ကောင်းမလားလို့စဉ်းစားမိသေးပေမယ့်..
linux system command တွေနဲ့ပတ်သက်ပြီး ဗဟုသုတရကြစေဖို့အတွက် ပြန်တင်ပေးလိုက်ပါတယ်။
သတိထားကြဖို့နဲ့… ရှောင်ရန်အတွက်လဲပါသပေါ့။
သူတို့ရေးထားတာတွေကိုဖတ်ပြီး သူတို့လုပ်သလိုလိုက်လုပ်ဖို့ကတော့ လုံးဝမရနိုင်ပါဘူး။ သေချာပါတယ်။
လူမိုက်တွေနဲ့မပေါင်းတာ ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိမယ်ထင်ပါတယ်။
Hacker bio of jonathan james
June 15th, 2009Welcome to myominmyanmar.
Jonathan James (born 11 May 1981), full name Jonathan Nicholas William James, raised in the university-town of Uppsala. Jonathan is an IT security professional, but is also a recognized music producer in the pop and hiphop genre (signed to Bonnier Music Group). His music production credits include music for San Quinn, Ya Boy, Shade Sheist, Redrum, D.N.A., The Jacka, Ron G and more.
In 1999 James released a software-package which guarded computers against backdoors and trojans like NetBus and Back Orifice. Later that same year he released Cassandra Gold, which could detect and remove the top 25 backdoors and trojans. Cassandra Gold was well received with a user-base of some 25 000 including the US Air Force, NASA, the U.K. Patents office.
In 1999 he collaborated with the FBI and Richard M. Smith (as well as Fredrik Bj?rck) in the hunt for the author of the Melissa worm, contributing to the conviction of worm-author David L. Smith.
Later, in 2000 Mr. James contested the findings of Fredrik Bj?rck (at that time, a computer-science researcher at Stockholm University). Bj?rck claimed that the ILOVEYOU worm was written and spread by a German exchange-student by the name of Michael living in Australia. Bj?rck’s accusation led to the confiscation of Michael’s computers. James then began investigating the worm origins together with the FBI. The investigation concluded that the worm originated from the AMA Computer University and that Onel A. de Guzman was a contributing author of the worm. The findings later contributed to the arrests of Onel A. de Guzman and Michael Buen.
James founded an IT-security consultancy, which he later left due to dissent with the investors. He is currently finishing his degree in Education and political sciences as well as lecturing, developing strategies and tools for intelligence gathering purposes.